EduPark Private School

EduPark Private School

 
နိုင်ငံတကာနှင့်ယှဉ်၍ ရင်ဘောင်တန်းနိုင်သော မျိုးဆက်သစ်လူငယ်များ ဒေသအတွင်း ပေါ်ထွက်လာစေရန် အခြေခံပညာမှစ၍ ဘက်စုံဖွံ့ဖြိုးရေးစီမံချက်အား ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်၍ Pilot Project အနေဖြင့်  HRD Center ၌စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။
စတင်ဖွင့်လှစ်သည့်နှစ်မှာပင် တက္ကသိုလ်ဝင်တန်းအား (၄)ဘာသာဂုဏ်ထူးရှင် အပါအဝင် ဂုဏ်ထူးဖြင့် အောင်မြင်သူ(၇)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး စာမေးပွဲအောင်ချက်မှာ ထားဝယ်ခရိုင်တွင် ပထမ၊ တနင်္သာရီတိုင်းတွင် ဒုတိယအနေဖြင့် ရပ်တည်နိုင်ခဲ့ပါသည်။ 

လာမည့်နှစ် ၂၀၁၇ အတွင်း International Standard Pre-School ကို ကျောင်းအသစ်နေရာ၌ ဖွင့်လှစ်နိုင်ရန် စီမံချက် ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။ ထားဝယ်ဒေသ၏ ပညာရေးလိုအပ်ချက်နှင့်အညီ အဆင့်မီပညာရေး သင်ကြားမှုစနစ်များ ကျင့်သုံးလျက် ခေတ်မီပညာရည်မြင့်မားသော လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိပါသည်။
EduPark Private School EduPark Private School Reviewed by Zaw G on 2:15 PM Rating: 5

No comments

Post AD